ပေါက်တော ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်သည့် အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ စာငှား/စာဖတ်ကြရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ အခြားဂိမ်းကစားခြင်း၊ ပြိုင်ပွဲများကျင်းပခြင်းများတွင် ပူးပေါင်းပါဝင်ကြစေရန်နှင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆောင်ရွက် ပေးခြင်းဖြစ်ပါသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ ပေါက်တောမြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲဝင်သည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)