သုံးခွ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်၊စပါးကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့ တို့ပူးပေါင်း၍ ပြည်သူများအား စား၀တ် နေရေးအဆင်ပြေစေရန် နှင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ၀ယ်ယူရရှိနိုင်ရေး အတွက် ဆန်၊ဆီ၊ကြက်ဥ၊စသည့်စား သောက်ကုန် ပစ္စည်းများကိုဈေး ကားများဖြင့်ယမန်နေ့ နံနက်၈နာရီခွဲအချိန်က သုံးခွမြို့မဈေးအနောက်ဘက် ရှင်စောပုလမ်းတွင် စျေးနှုန်းချိုသာ စွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ရောင်းချရာတွင် ဆီငါးဆယ်သားတစ်ဗူးကို (၂၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်းမွှေးဆန်တစ်ပြည်လျှင် (၁၇၀၀)ကျပ်နှုန်းဖြင့် ငါးပြည်အိတ် အားလည်းကောင်း ၊ ဧည့်မထဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥဆယ်လုံးကတ် တစ်ကတ်လျှင် (၁၃၀၀)ကျပ်နှုန်းအားလည်းကောင်း ရွှေလျားမော်တော်ယာဉ်ဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်းသိရသည်။
သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်များကို အစဉ်ပြေချောမွေ့စွာ၀ယ် ယူနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်၊ စပါးကုန်သည်များအသင်းနှင့် မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးကားများဖြင့် လာရောက်လှည့်လည် ရောင်းချခြင်းကို တစ်ပတ်လျှင်(၁) ကြိမ်လာရောက်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
စည်သူလင်း