အမ်း ဇန်နဝါရီလ ၂၅
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် များသို့လှည့်လည်၍ ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအချိန် ပွင့်လင်းရာသီရောက်ရှိလာသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်ကြသည့် မိဘပြည်သူများ မီးဘေးလုံခြုံရေးအတွက် မိမိနေအိမ်၊ ပတ်ဝန်းကျင်တွင် ချက်ပြုတ်သုံးစွဲသည့် လျှပ်စစ်မီး၊ မီးဖိုများမှ မီးလန့်မှုများ၊ မီးလောင်မှု များ မဖြစ်ပွားမပေါ်ပေါက်အောင် မီးကိုအထူးသတိပြု၍ ချက်ပြုတ်သုံးစွဲကြရန်၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေ့ဦး မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဗူးများအား အသင့်တပ်ဆင်ထားရှိကြရန်၊ မီးသတ်ဆေးဗူး များဟောင်းနွမ်းနေပါက အသစ်လှဲလှယ် တပ်ဆင်ကြရန် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး အကြံပြုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်