တာချီလိတ်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

တာချီလိတ် ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ပန်ချီဟက်ကျေးရွာ၊ ဟိုရန်းကျေးရွာနှင့် မိုင်းဖုန်းကျေးရွာအုပ်စုရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် တာဝန်ရှိသူတို့ ယမန်နေ့ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ် (၈၂) သန်းဖြင့် ပန်ချီဟတ်ကျေးရွာ ကုန်ထုတ်လမ်း()မိုင်ဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးရာ တာချီလိတ်မြို့နယ် ကျေးလက်ဦးစီးမှူးနှင့် တင်ဒါအောင်မြင်သည့် NAOH ကုမ္ပဏီနှင့် ရှမ်းအရှေ့နဂါးမင်းကုမ္ပဏီမှတာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ပန်ချီဟတ်ကျေးရွာရှိ တောင်သူ ၇၅ ဦး၏ လယ်ဧက (၂၁၀)မှ စပါးနှင့် ဆောင်းသီးနှံများ လျှင်မြန်လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်မည့်အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

ထို့နောက် မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုရန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုရေး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံကျပ်(၁၀)သန်းဖြင့် အရှည် ၈၀၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုနှင့် မိုင်းဖုန်းကျေးရွာအုပ်စု၊ ဟိုနားကျေးရွာနှင့် ဟွေယုန်း ကျေးရွာတို့တွင် မြစိမ်းရောင်ချေးငွေဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ယာဆေး (ပြန်/ဆက်)