စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  Door to  Door ကွင်းဆင်းဆောင်ရွက်

စဉ့်ကိုင် ဇန်နဝါရီ ၂၅

ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား တစ်အိမ်ဆင်းတစ်အိမ်တက်  Door to  Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဘယ်လင်းကျေးရွာအုပ်စု ဘယ်လင်းကျေးရွာတွင် ပြုလုပ်ပေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်၊ မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ခရိုင်လက် ထောက်ညွှန်ကြားရေးမှူး  ဦးအောင်ကျော်စိုး စဉ့်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်လွင်၊ အဖွဲ့(၁)ဒေါ်စိန်စိန်ရီ  (လဝကမှူး) နှင့် ဝန်ထမ်းများက   ကျေးရွာနေပြည်သူများကို  နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်မည့်သူနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ၂၀၀၄ခုနှစ် နိုဝင်ဘာ(၃၀) ရက်ရှေ့ပိုင်းမွေးဖွားသူများကို  အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားမရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ နိုင်ငံသားစီစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများမှ Door to Door စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အသက်(၁၆)နှစ်နှင့် အသက်(၁၈)နှစ်ကြား ကျား(၅)ဦး၊ မ(၇)ဦးနှင့် အသက်(၁၈)နှစ်နှင့်အထက် ကျား(၁၃)ဦး၊ မ(၄)ဦး၊ အသက် (၁၈)နှစ်အထက် အိမ်ထောင်စုစာရင်းတွင် မပါဝင်သူ ကျား(၃)ဦးကို မွေးတိုးစာရင်းသွင်း ဆောင်ရွက်ပေးခြင်း၊ မှတ်ပုံတင်ကတ်ပြားမိတ္တူအပျောက် လျှောက်ထားသူ ကျား (၂)ဦး ၊ မ(၃)ဦးစုစုပေါင်း ( ၃၇)ဦးဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကိုလည်း ၂၀၂၂ခုနှစ် နိုဝင် ဘာလအတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း