လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေး

လဲချား  ဇန်နဝါရီ  ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက  ယနေ့  (၁၀)နာရီအချိန်က ပန်ဆန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့​သည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  မြို့နယ်ဦးစီးမှူးမှ နိုင်ငံသားကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ် ပေးရခြင်းကို ရှင်းလင်းပြောကြားပေးခဲ့ပြီး  ဒု-လဝကမှူး ဦးစိုင်းကိုကိုဇော်နှင့်အဖွဲ့ဝင်(၃)ဦးတို့မှ  ပန်ဆန်းကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ  ကျား(၂၆)ဦး၊ မ(၃၉)ဦးစုစုပေါင်း (၆၅)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ရန် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)