မန္တလေး ဇန်နဝါရီ ၂၅
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက (မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ပုံပြင်ပြောပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre)ခန်းမတွင် ယနေ့နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသားလူငယ် မောင်မယ်များအနေဖြင့် စာအုပ်စာပေဖတ်ရှုသည့် အလေ့အထရှင်သန်စေရန်၊ စာအုပ်စာပေကပေးသည့် အသိပညာဗဟုသုတများဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ ကိုယ်တိုင်ဖတ်ရှုပြီး ရရှိသည့် ဗဟုသုတများကို ပြန်လည်ဆွေးနွေးတတ်စေရန်၊ အများရှေ့ထွက်၍ ဟောပြောဆွေးနွေးတတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ ဗဟုသုတရရှိမှုအပြင် စာပေဖတ်ရှုသည့် အသံနေအသံထား၊ ကိုယ်ဟန်အမူအယာများဖြင့် ပြန်လည်ဆွေးနွေးတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့သည်။
အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ(၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မန္တလေးခရိုင်(ပြန်/ဆက်)