(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

မိတ္ထီလာ ဇန်နဝါရီ  ၂၅ 

မိတ္ထီလာမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို  ယနေ့နံနက် ၉ နာရီအချိန် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်ပညာရေးမှူးရုံးမှ ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြော ပြိုင်ပွဲများကို  မြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ကျပန်းစကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ များက ပြည်ထောင်စုနေ့ အဓိဌာန်၊ ပြည်ထောင်စုနေ့နှင့် အနာဂတ်လူငယ်၊ ပြည်ထောင်စုနေ့ တို့မမေ့၊ မခွဲတူညီ ရှေ့သို့ချီ စိန်ရတုမြောက် ပြည်ထောင်စုနေ့မှသည် ခေါင်းစဉ်များကို မဲနှိုက်ရွေးချယ်၍ ယှဉ်ပြိုင် ခဲ့ကြသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို  ပြည်ထောင်စုနေ့ အဓိဌာန်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကဗျာပြိုင်ပွဲကို မခွဲတူညီ ရှေ့သို့ချီ စိန်ရတုမြောက် ပြည်ထောင်စုနေ့မှသည်- ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ပြည်ထောင်စုနေ့နှင့် အနာဂတ် လူငယ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ပြည်ထောင်စုနေ့ တို့မမေ့ ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပခဲ့ရာ အဆိုပါပြောပြိုင်ပွဲများကို ကျောင်းသား ကျောင်းသူ ၃၇ ဦးဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)