မြောက်ဦး ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ကျောင်းသား /ကျောင်းသူများနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေမှ ကျောင်းသား၊ ကျောင်းသူများကို စာဖတ်ဝိုင်းပြုလုပ်ရခြင်း နှင့်ပတ်သက်ရှင်းလင်း ပြောကြားရာတွင် စာပေဖတ်ရှု လေ့လာခြင်းသည် လူငယ်များအတွက် အသိပညာဗဟုသုတ များရရှိစေပြီး စာဖတ်သော အလေ့အကျင့်များ အားလပ်ချိန်တိုင်းတွင် စာကြည့်တိုက်သို့ လာရောက်ပြီး စာပေလေ့လာဖတ်ရှုကြရန်အတွက် စာရေးဆရာမ ဒေါက်တာ မတင်ဝင်းရေး သားသော အလုပ်ဆိုတာ အင်အားပါစာအုပ်ထဲမှ အလုပ်လုပ်တတ်နေရာမှာ စေတနာပါပါစေ ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းမှာ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားလာစေရန်၊ အတွေးအခေါ် စွမ်းရည်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း ဝင်စေရန် ရည်ရွယ်ပြီးဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာဖတ်ဝိုင်းတွင် ကျောင်းသား/ကျောင်းသူ (၁၅)ဦး ရောက်ရှိလာပြီး စာအုပ်စာပေများ ဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှာ စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)