မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် (အိုမီခရွန်ရောဂါ)ပိုး ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

မိုင်းပျဉ်း ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲ တစ်မျိုးဖြစ်သည့် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်တားဆီးနိုင် ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိအိမ်၌ သာနေရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ နေထိုင်ပြောဆိုကြရန်၊ လူစုလူဝေး ပြုလုပ်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်နှင့် ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှု ခံယူကြပါရန် စသည့်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ရုံး အနေဖြင့်လည်း အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို လူစည်ကားရာ နေရာများတွင် သာမက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့လည်း သွားရောက်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)