ဗိုလ်တထောင် ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာရေးဆရာ ဒေါက်တာ ဦးလှကြည် (ကလေးကျန်းမာရေး) ရေးသားသော "ကလေးကျန်းမာရေး၊ နိုင်ငံတိုးတက် မှုနှင့် ခဲအဆိပ်အန္တရာယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ဆရာဦးအောင်ဟိန်းသူက စာရေးဆရာ ဒေါက်တာဦးလှကြည် (ကလေး ကျန်းမာရေး) ရေးသားသော "ကလေးကျန်းမာရေး၊ နိုင်ငံတိုးတတ်မှုနှင့် ခဲအဆိပ်အန္တရာယ်" စာအုပ်ပါ ခဲဆိပ်အန္တရာယ်၊ ခဲဆိပ်သင့်ရောဂါ၊ ခဲဆိပ်အန္တရာယ် ကာကွယ်ရေးနှင့် ခဲဆိပ်သင့်ရောဂါကို ကုသခြင်းအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး စာပေချစ်သူများမှ ပြန်လည်ဆွေးနွေးခဲ့သည်။
ဗိုလ်တထောင်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ ပိုမိုများပြားလာစေရန်၊ စာပေမှ ရရှိသော အသိပညာများ၊ အတွေးအခေါ်များ ရရှိစေရန်နှင့် စာဖတ်ရှုသော အလေ့အကျင့်ကောင်းများ ရရှိစေ ရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကိုလစဉ် ကျင်းပလျက်ရှိကြောင်း သိရသည်။
မေနှင်း(ဗိုလ်တထောင်)