ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်မျိုးရိုးဗီဇပြောင်းအိုမီခရွန်ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

နမ့်ဆန် ဇန်နဝါရီလ၂၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇ  ပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မန်မိုင်ရပ်ကွက်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရိုး ဗီဇပြောင်းဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုမှာ ရက်ပိုင်းအတွင်းမှာ ပင်နိုင်ငံအရေအတွက် ပိုမိုများ ပြားလာပြီဖြစ်ကြောင်း ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကို ပြည်သူများအနေဖြင့် ဆက်လက်ကာကွယ်တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများစနစ်တကျတပ်ဆင်ခြင်း လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲ ပါးစပ်၊နှားခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်သွယ်ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသောအခန်း၌သာ နေထိုင်ရန်၊ ရောဂါ ကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် ပူးပေါင်းပါဝင်လိုက်နာကြ စေရန်အတွက် တိုက်တွန်း အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

နမ့်ဆန်ဒေသ(ပြန်/ဆက်)