မိုင်းယန်း ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြို့နှင့်အလှမ်းဝေးပြီး သွားလာရန် ခက်ခဲသော တောင်ပေါ်ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Phase-5) ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၄ ရက်က ယန်းကောင်ကျေးရွာ အုပ်စုရှိ ဝမ်ယို့မိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ဆည်မကောင်ကျေးရွာဆေးထိုးစုရပ်တို့၌ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက သွားလာရန်ခက်ခဲသော ယန်းကောင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၁၁)ရွာမှ အသက်(၁၈)နှစ် အထက်ဒေသခံတိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)