မူဆယ် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံးအစည်းအဝေး ခန်းမ၌ မူဆယ်ခရိုင်အတွင်း ကျင်းပသော အခမ်းအနားများနှင့် ကဏ္ဍအသီးသီးတွင် လှူဒါန်းသုံးစွဲနိုင်ရန် အလှူငွေလှူဒါန်းပေးခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံက်(၁၀း၃၀)အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မူဆယ်ခရိုင်အဆင့် Task Force လုပ်ငန်းအဖွဲ့အတွက် ရွှေလီရေးဗားကုမ္ပဏီနှင့်ဆဲပင်းဟွာကျင့် ကုမ္ပဏီရှန်တိန်အဖွဲ့မှကျပ်သိန်း(၅၀) စီ လှူဒါန်းပေးအပ်ခဲ့ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီးဇေယျာလင်းမှ လက်ခံ ရယူခဲ့ပြီး၊ ရန်တိုင်းအောင်ဘုရားအလှူငွေအတွက် နမ့်ဖက်ကာပြည်သူ့စစ်အဖွဲ့မှ လှူဒါန်းငွေ ကျပ်သိန်း(၅၀) လှူဒါန်းမူအား မူဆယ်(၁၀၅)မိုင် အကောက်ခွန် ညွှန်ကြားရေးမှူး ဦးဖေကြိုင်မှ လက်ခံရယူပြီး စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်း(၁၅၀) လှူဒါန်းခဲ့သောအလှူရှင်များနှင့် ယခင်လှူဒါန်းခဲ့သော အလှူရှင်များကိုလည်း ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ့ဉက္ကဌ ဦးမျိူးကျော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ရှမ်းပြည်နယ် အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးကျော်မှ အလှူရှင်များကို လှူဒါန်းပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(ပြန်/ဆက်)