တကောင်း ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ ဒေသခံ ပြည်သူများအား အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နှင့် (၂၃)ရက် နေ့တို့တွင် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လ.ဝ.က မှူး ဦးဖုန်းဇော်ဝင်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက တကောင်းမြို့ အမှတ် (၂)ရပ်ကွက်ရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ဥပဒေနှင့် အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ၃(က)ပြုလုပ်သူ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၁၄) ဦး၊ ၆(က) ပြုလုပ်သူ အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၁၂)ဦး၊ သက်ပြည့်လဲလှယ်သူ (၂၃)ဦး အား ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။
သီရိအောင်(တကောင်း)