မော်လမြိုင် ဇန်နဝါရီ ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းသရုပ်ပြပွဲကို Onlineမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသည်။
အဆိုပါ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းသရုပ်ပြပေးခြင်းသည် ယနေ့ခေတ် လူငယ်၊ လူရွယ်များ ကျန်းမာရေးအတွက်အထူး သင့်လျော်သော ကိုယ်လက်လှုပ်ရှားအားကစားနည်း တစ်မျိုးဖြစ်သည့်အတွက် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် နိုင်ငံတော်မှ အားထားရသည့် ထူးချွန်ထက်မြတ်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် လူတိုင်းလိုက်ပါကစားနိုင်သည့် ကစားနည်းဖြစ် ၍ အကျိုးကျေးဇူးရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည်။
အမျိုးသမီးများအတွက် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းသရုပ်ပြပေးမှုကို မော်လမြိုင်မြို့နယ်အတွင်းမှ သင်တန်းနည်းပြများဦးဆောင်မှုဖြင့် ကျောင်းသူလေးများက (၆)ဦးတွဲ၊ (၃)ဦးတွဲ နှင့် (၁)ဦးချင်းအလိုက် ပါဝင်သရုပ်ပြပေးကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)