ညောင်ဦး ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ မြေအောက် ရေအသုံးပြု ခြောက်လမာလကာစိုက်ပျိုးကြရာ စတင်စိုက်ပျိုးသည့်နှစ်မှာပင်အောင်မြင် ဖြစ်ထွန်းပြီး ဆွတ်ခူး ရောင်းချချိန် ဈေးကောင်းရရှိခြင်းကြောင့် ခြောက်လမာလကာစိုက်ပျိုးတောင်သူများ မိသားစု ဝင်ငွေအဆင်ပြေနေကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ ကျေးရွာများ၊ သစ်ထောင့်အုပ်စုကျေးရွာ များနှင့် သူကောင်းတည်အုပ်စုကျေးရွာတောင်သူများသည် မြေအောက်ရေတူးဖော်ကာ ရေစုပ်စက်များ ဖြင့်ရေစုပ်ယူပြီး စိုက်ပျိုးသည့် သီးနှံခင်းများအားရေသွင်းစိုက်ပျိုးကြ ကြောင်း၊ နှစ်ရှည်သီးနှံပင် များရွေးချယ်စိုက်ပျိုးမှုများလာခဲ့ပြီး စိန်တစ်လုံးသရက်၊ ထိုင်ဝမ် သင်္ဘော၊ ထိုင်ဝမ်ပိန္နဲနှင့် ခြောက်လမာလကာများစိုက်ပျိုးလာခဲ့ကြောင်း၊ ခြောက်လမာလ ကာစတင်စိုက်ပျိုးစဉ်က မာလကာပျိုးပင်များအား ကျောက်ပန်းတောင်းမြို့နယ်၊ ဆည် ပေါက်ကျေးရွာမှ ဝယ်ယူစိုက်ပျိုး ခဲ့ကြောင်း၊ ၉ ပေပတ်လည် အကွာအဝေးတွင် ၁ပေပတ် လည်ကျင်းတူးကာ သဘာဝသစ်ရွက် မြေဆွေး၊ နွားချေး၊ ဆိတ်ချေးများထည့်ပြီးမြေနှပ်ကာ ခြောက်လမာလကာများ စိုက်ပျိုးကြ ကြောင်းသိရသည်။ ခြောက်လမာလကာဟုဆိုသော် လည်း သုံးလဖြင့်အပွင့်ပွင့်အသီးသီး ကြောင်း၊ ခြောက်လကျော်အချိန် အပင်ထွားကြိုင်း သန်မာအောင် ပြုစုပျိုးထောင်ပြီး အပွင့်ပွင့်အသီးသီးသည့် မာလကာသီးသာ ရောင်းတန်း ဝင်၊ဈေးကွက်လှကြောင်း၊ မာလကာသီး အသီး နုစဉ် အချိန်တွင် အသီးများရောင်းပန်းလှစေရန်၊ စိုက်ပျိုးရေးကထုတ်လုပ်သည့် စက္ကူအိတ်ဖြစ် စေ၊ ပလတ်စတစ်အိတ်ဖြစ်စေ၊မာ လကာသီးများအားအိတ်စွပ်ပေးရကြောင်း သို့မှသာ လိပ်ပြာ စုပ် ခြင်း၊ ရှဉ့်၊ ကြွက်၊ လင်းနို့ ၊ များဖျက်စီးစားသောက်ခြင်းမှကာကွယ်နိုင်ပြီး မာလကာသီးများ ရောင်းတန်းဝင်ချိန် အသီးလှပြီး ဆွတ်ခူးရောင်းချကြကြောင်း သစ်ထောင့်မြောက်ကျွန်းကျေးရွာ မာလကာ စိုက်တောင်သူ ဦးဇော်ဝင်းကရှင်းပြသည်။ ခြောက်လမာလကာသက်တမ်းသည် လေးနှစ်မှ ၇နှစ်ထိ သက်တမ်းရှိကြောင်း ခြောက်လမာလကာသီးတစ်ပိသာ ၈၀၀ ကျပ်မှ ၁၂၀၀ကျပ်ထိရောင်းချရပြီး ဆောင်းအကုန်နွေအကူး မာလကာသီးများဈေးပိုရကြောင်းသိရသည်။ထွက်ရှိလာသည့် မာလကာသီးများအား ပခုက္ကူဈေးကွက်၊မြင်းခြံဈေးကွက်နှင့် ညောင်ဦး ဈေးကွက်သို့ရောင်းချကြကြောင်း၊ ခြောက်လမာလကာပင်များ အောင်မြင်ဖြစ် ထွန်းပြီး အသီးသီးနှုန်းလည်းကောင်းမွန်ကာ ဈေးနှုန်းလည်းရရှိခြင်းကြောင့် မြေအောက် ရေသွင်း ခြောက်လမာလကာစိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း လည်း သိရသည်။
ကိုထိန်၊KPD