(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

ချမ်းမြသာစည် ဇန်နဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြည်သူ့စာကြည့်တိုက်မှတစ်ဆင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် Online မှတစ်ဆင့် အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Online မှတစ်ဆင့် အသိပညာပေးဟောပြောခြင်းကို စာရေးဆရာမမေဝတီက ပြည်ထောင်စု‌နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းရင်းသားသွေးချင်းများအကြား ထာဝစဉ်ကိန်းအောင်းတည်တံစေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရမည့်အကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်သွားကြရမည့် အကြောင်းများအား ဟောပြောခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် အများပြည်သူ အသိပညာဗဟုသုတ ရရှိစေမည့်အကြောင်း အရာများ၊ ကလေးများအတွက် အသိပညာပေးအစီအစဉ်များကို Online မှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်