အလုံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်များအား သန့်ရှင်းရေးပြုလုပ်

အလုံ     ဇန်နဝါရီ    ၂၄

မြို့သန့်ရှင်းသာယာလှပစေရေနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယနေ့ နံနက်(၈း၀၀) အချိန်က စတင်ကာ  ရေမြောင်များအား သန့်ရှင်းရေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွေင် အလုံမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ  လက်ထောက်အုပ်ချုပ်ရေးမှူး ဦးရဲထက်ဦး၏ ဦးဆောင် ကြီးကြပ်မှုဖြင့်  မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်သာယာရေစီးရေလာဌာနမှ ဝန်ထမ်းများက  စောတောင်ရပ်ကွက်၊ ငုဝါလမ်း၊ရာမလမ်းနှင့် သစ်​တော လမ်းကြားရှိ ရေမြောင်းများအတွင်းရှိ  ပိတ်ဆို့နေသော အမှိုက်များ ဆယ်ယူခြင်း၊ မြောင်းချေးများ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်