ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးအောင်ခန့်ဝေနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၁၀) နာရီက ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ဇီးအုပ်ကွက်စိတ်သို့ Door to Door စနစ်ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နေ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနအနေဖြင့် မြို့ပေါ် ရပ်ကွက်များအတွင်း နိုင်ငံသားစီစစ်ရေးကတ်ပြား မလုပ်ရသေးသူများ မကျန်ရှိစေရန် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးရမည့် လုပ်ငန်းများကို သတ်မှတ်ကာလတွင် ရာနှုန်းပြည့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက် တာဝန်ခံများ၊ ရာအိမ်မှုး၊ ဆယ်အိမ်မှုးများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင်ပြန်/ဆက်