ဒဂုံမြို့နယ်တွင် စာအုပ်စာစောင်ပြပွဲနှင့် လူမူရေးလုပ်ငန်းများဆောင်ရွက်

ဒဂုံ ဇန်နဝါရီ ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Central ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အများပြည်သူများ၊ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လေ့လာဖတ်ရှုနိုင်သော စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စာအုပ်စာစောင်ပြပွဲကို ပြည်သူများက လာရောက် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ယမန်နေ့ နေ့လယ်ပိုင်းတွင် ကျားကူဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ မြို့နယ်ဦးစီးမှူနှင့် ဝန်ထမ်းများက လူမှုရေးလုပ်ငန်းများအဖြစ် ကျောင်းသား/ ကျောင်းသူများအား အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး တစ်ဖက်တစ်လမ်းမှ တတ်နိုင်သ၍ ကူညီသောအားဖြင့် Mask များကိုလည်း ပေးဝေ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)