ရပ်စောက် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုင်းမြတ်ကျော်စိုးက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူ များအသင်း (Book Club) အဖွဲ့ဝင် ဒေါ်ကြည်ဌေးက လူကုန်ကူးခြင်းပေါ်ပေါက်လာပုံ သမိုင်း ကြောင်း၊ လူကုန်ကူးခြင်းနှင့် ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံတွင် လူမှောင်ခိုကုန်ကူးမှု တားဆီးကာကွယ်ရေး စတင်ခဲ့ပုံ၊ လူမှောင်ခို ပို့ဆောင်သူနှင့် လူကုန်ကူးသူ ပွဲစားများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်ချက်များနှင့် လူမှောင်ခိုကူးသည့် လမ်းကြောင်း များအကြောင်းကို အများပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အကျယ်တစ်ဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)