ကျိုက်မရော ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးဝန်ထမ်းများမှ ကလေးငယ်များ၊ အသိပညာဗဟုသုတ၊ တိုးပွားစေရန် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စိတ်အပန်းဖြေ ပျော်ရွှင်စေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ပြည်သူ့စာကြည်တိုက် Page တွင် ကဏ္ဏမျိုးစုံတို့ကို နေ့စဉ် ရိုက်ကူးလွှင့်တင် ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဦးစီးမှူးမှ ကျောင်းသူ၊ ကျောင်းသားများအား ဉာဏ်ရည်ဉာဏ်သွေး ဖွံဖြိုးတိုးတက်လာစေရန် စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ တိုးပွားစေရန်အတွက်ဖြင့် အသိပညာ တိုးပွားစေရန်အတွက် ၂၀၁၅ခု နှစ်၊ ထွန်းဖောင်ဒေးရှင်းစာပေဆုရ၊ မြေလတ်မောင်မြင့်သူ၏" ကြယ်အလင်းနဲ့ လှရအောင် "ကလေးကဗျာများ" စာအုပ်မှကဗျာရွတ်ဆိုခြင်း အစီအစဉ်နှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်ပန်းအလှခေါက်ခြင်း အစီစဉ်များကို ရိုက်ကူး၍ ကျိုက်မရောမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် အပတ်စဉ် ထုတ်လွှင့်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)