ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ၌ နွေစပါးများ စံကွက်ရိတ်သိမ်း

ကျိုက်မရော ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ ကွင်းအမှတ်၊ ၅၈၄()ဦးပိုင် အမှတ်(၃၆/)ရှိ တောင်သူ ဦးမျိုးမင်းဟန်၏ မျိုးစေ့ထုတ် နွေစပါးဆင်းသုခ ဧက(၁၀)စိုက်ခင်းအတွင်း စံကွက်ရိတ်သိမ်းခြင်းကို ခေတ်မီစပါး ခြွေလှေ့စက်ဖြင့် ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ နွေစပါးစံပြကွတ် ရိတ်သိမ်းချွေလှေ့ရာသို့ မြို့နယ်စိုက်ပျိူးရေး ဦးစီးဌာနမှကွင်း တာဝန်ခံများ၊ နည်းပညာပေး တာဝန်ခံ စိုက်ပျိူးရေးဦးစီးဌာနမှ ဒေါ်ကြည်ကြည်ဦးနှင့် တာဝန်ရှိသူများ၊ တောင်သူ လယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စံကွက်ဧရိယာရှိ စိုက်ကွက်အားရိတ်သိမ်း ချွေလှေ့ရာတွင် တစ်ဧကလျှင် နွေစပါးအထွက်နှုန်း(၆၄.၆၇)တင်း ထွက်ရှိပြီး အဆိုပါ ဆင်းသုခစပါးမျိုးများကို ကိုဗစ်-၁၉ရောဂါ ကာလအတွင်း တောင်သူများအား စီးပွားရေးကုစားမှုအစီစဉ်အရ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုးစပါးများနှင့် ဓာတ်မြေသြဇာများ အခမဲ့ထောက်ပံပေးခြင်း၊ စိုက်ပျိုးစရိတ်ငွေများ ထောက်ပံကူညီခြင်းနှင့် နည်းပညာများ ကူညီထောက်ပံခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း ယခုနှစ်ရာသီဥတုအခြေအနေအရ ယခင်နှစ်ကထက် စပါးထွက်နှုန်း အနည်းငယ်လျော့နည်း သွားခဲ့ကြောင်း၊ စပါးခြွေလှေ့စက်ဖြင့်ခြွေလှေ့ရာတွင် တစ်ဧကလျှင် ကျပ်ခြောက်သောင်း ပေးရကြောင်း တောင်သူ ဦးမျိုးမင်းဟန်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)