ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းကျင်းပ

နောင်တရား ဇန်နဝါရီလ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးစီးဌာနတည်မြဲ အမိန့်စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် စာဖတ်ဝိုင်းကျင်းပသည်။

စာဖတ်ဝိုင်းတွင် ပြည်သူ့စာကြည့်တိုက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးစီးဌာနတည်မြဲအမိန့် စာအုပ်ဖြင့် ဒေါ်မူမြစောက ဒုတိယဦးစီးမှူး၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ဦးခွန်အောင်ဟန်က ဓါတ်ပုံကျွမ်း-၂ ၏လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ဒေါ်သီင်္ဂီအောင်က ရုပ်သံကျွမ်းကျင်-၃၏ လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ဦးခွန်တီးထုပ်က အစောင့်၏လုပ်ငန်းတာဝန်များကိုလည်းကောင်း ဝန်ထမ်းများ စွမ်းရည် မြင့်မားစေရေးအတွက် စာဖတ်ဝိုင်းပြုလုပ်၍ ဆွေးနွေးသည်။ စာဖတ်ဝိုင်းကျင်းကို ရုံးတွင်းဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူ များနှင့် Book Club အဖွဲ့ဝင်များက တစ်ပတ်တစ်ကြိမ် ပြုလုပ်ကြကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)