နမ့်စန်တွင် မီးသတ်တပ်ဖွဲ့ဝင်များကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

နမ့်စန်(တ)        ဩဂုတ် ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ပြည်သူများအတွက် ရွေ့လျားစာကြည့်တိုက်လုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရာ ယနေ့ နံနက် ၁၀ နာရီ က အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် ရွေ့လျား စာကြည့်တိုက် စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုလှိုင်ဝင်း နှင့် ဝန်ထမ်းများက မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းထွန်း နှင့် မီးသတ် တပ်ဖွဲ့ဝင်များ ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုများအတွက် သုတ ၊ ရသ စာအုပ်များ ၊ မဂ္ဂဇင်း နှင့် ဂျာနယ် တို့ကို အခမဲ့ငှားရမ်းပေးခြင်း ၊ စာကြည့်တိုက်အသင်းဝင်ကတ်ပြားများ ပြုလုပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီး စာဖတ်ဝိုင်းပြုလုပ်၍ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုစေခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)