မိုးနဲမြို့  မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မိုးနဲ    ဇန်နဝါရီ    ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးနဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး  ဦးစိုင်းမြစိုးလှိုင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့‌ကြသည်။

ယင်းသို့ ကွင်ဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကျောင်းသား/ကျောင်းသူများ ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်ခွင့်ရရှိနိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်က ပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနေမှုနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက်  မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား ၆၄ ဦး ၊‌ကျောင်းသူ ၅၈ ဦးအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးနဲမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဒေသခံပြည်သူများ၊ အခြေခံပညာကျောင်းများသို့ အရောက်လိုက်လံဆောင်ရွက်‌ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ မြေစိုက် ပိုစတာများစိုက်ထူခြင်းစသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)