ကျောက်ဆည် ဇန်နဝါရီ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီခွဲက ဆဌမအသုတ် ပထမအကြိမ်တွင် ကာကွယ်ဆေး ထိုးပြီးသူပေါင်း (၄၉၄၁)ဦးရှိကြောင်း သိရှိရသည်။
ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးရာတွင် သံဃာတော်(၂၅)ပါး၊ အစိုးရကျန်းမာရေး ဝန်ထမ်း(၃)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၈)ဦး၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်း(၂၉၃)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ကိုင်သူ(၂၃)ဦး၊ ပုဂ္ဂလိကဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူ(၃)ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်း(၁)ဦး၊ အခြား ဝင်ငွေရလုပ်ငန်းလုပ်ကိုင်သူ(၃၄၅၃)ဦး၊ ပြည်သူ(၇၆၇)ဦး၊မသန်စွမ်းသူ(၁)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၃၅၄)ဦး စုစုပေါင်း(၄၉၄၁)ဦး ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံရာတွင် မြို့နယ်စီမံချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ဒွေးလှ၊ ရဲရွာ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် မြို့တော်ခန်းမတို့ တွင်အဖွဲ့များခွဲကာ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်