မော်လမြိုင် ဇန်နဝါရီလ ၂၃
မွန်ပြည်နယ်တွင် လယ်ယာမြေနှင့်စပ်လျဉ်း၍ လုပ်ထုံး၊ လုပ်နည်းအညီ ဆောင်ရွက်နိုင်ရေးအတွက် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏အမှတ်စဉ် (၁/ ၂၀၂၂) အစည်းအဝေးကို မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဇန်နဝါရီ ၂၁ မွန်းလွဲ၁ နာရီက ကျင်းပသည်။
အစည်းအဝေးတွင် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြ စေလိုကြောင်း၊ ကျေးရွာပိုင် မြေနေရာများ၌ ကျူးကျော် နေထိုင်မှုများအား ဥပဒေနှင့်အညီ တားဆီးအရေးယူဆောင်ရွက်ရန်၊ သက်ဆိုင်ရာကော်မတီများအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ဆောင်ရွက်ပေးကြရန်၊ လယ်ယာကဏ္ဍဖွံ့ဖြိုး ရေးအတွက် လယ်ယာမြေများ လျော့နည်းမှုမရှိစေရေး အခြားနည်းအသုံးပြုမှု လျှောက်ထားခြင်းများနှင့် ပတ်သက်၍အထူးစိစစ်ကြပ်မတ်ရန်၊ လယ်ယာမြေ စီမံခန့်ခွဲရေး လုပ်ငန်းများတွင် လယ်ယာမြေ ဥပဒေ၊ နည်းဉပဒေပါ ပြဌာန်းချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန်အတွက် ကျေးရွာ၊ မြို့နယ်၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်၊ ပြည်သူများ၏ လိုအပ်ချက်များကိုလည်း အလေးထားဆောင်ရွက်ပေးကြရန် လမ်းညွှန် မှာကြားသည်။
ထို့နောက် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့်စာရင်းအင်း ဦးစီးဌာနမှူးကသတ်မှတ်သည့် နည်းလမ်းအတိုင်းအသုံးပြုရန် လျှောက်ထားမှုများကို ရှင်းလင်းတင်ပြပေးပြီး တက်ရောက်ကြသည့် ကော်မတီအဖွဲ့ဝင်များဆွေးနွေးတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ အစည်းအဝေးတွင် လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ (က)၊ (ခ) အရ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးပြုရန် လျှောက်ထားမှုများ၊ ပုံစံ (၇) ပျောက်ဆုံးသဖြင့် ဒုတိယမူရင်း(သို့ )မိတ္တူမှန်ပြန်လည်ထုတ်ပေးရန်ကိစ္စ၊ ပြည်နယ်အစိုးရ အဖွဲ့မှ ပေးပို့လာသည့်တင်ပြစာအား ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့တွင်ဆွေးနွေးရန်၊လွှဲပြောင်းစာကိစ္စ၊ ပြည်နယ်မြေယာ အယူခံမှု အမှုတွဲများ၊ လျှောက်ထားမှုများအပေါ် ဥပဒေနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ် စေရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း