မိုးမိတ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံမှုရှိစေရေးနှင့် အခြင်အတွယ် မှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

မိုးမိတ်  ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံမှုရှိစေရေးနှင့် အခြင်အတွယ်မှန်ကန်မှုရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်စက်သုံးဆီအရောင်ဆိုင်များတွင် မီးငြိမ်းသတ်ရေးကိရိယာများ ပြည့်စုံမှု ရှိ/မရှိ၊ အနီး ပတ်ဝန်းကျင် တစ်ဝိုက် တွင် မီးလောင်လွယ်သောအရာများ မရှိစေရေးနှင့်နေ့စဉ် ရေဖြန်းခြင်း၊ သန့်ရှင်းသပ်ရပ်စွာထားရှိခြင်း ရှိ/မရှိ၊ စက်သုံးဆီ အခြင်အတွယ်နှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့ကို လိုက်လံစစ်ဆေးခဲ့သည့်အပြင် မီးဘေးအန္တရာယ်ကင်းရှင်းစေ‌ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မိုးမိတ်သား