ခရမ်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး‌ ဆောင်ရွက်ပြီးစီးနေမှုများနှင့် လိုအပ်ချက်များအား ကွင်းဆင်းစစ်ဆေး

ခရမ်း ဩဂုတ် ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊‌ ဘုရားပျိုကျေးရွာတွင် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာ မီးလင်းရေး ဆောင်ရွက်နေမှုနှင့် မီးလင်းရေး တင်ပြထားသည့် ကွင်းတဲစုများအား မြို့နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့နေ့လည်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်၊ ခရမ်းမြို့နယ် လျှပ်စစ် မန်နေဂျာ ဦးစိုးနိုင်ဦးနှင့် မြို့နယ်တာဝန်ရှိသူများက   ကွင်းဆင်း၍ ဘုရားပျိုကျေးရွာတွင် ကျေးရွာမီးလင်းရေးအတွက် ဆောင်ရွက်ပြီးစီးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ မီးလင်းရေးအတွက် တင်ပြတောင်းဆိုထားသည့် ကွင်းတဲစု တို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များကို‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ မီးလင်းရေး ကော်မတီဝင်များနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း(ခရမ်း)