ကျောက်ဆည် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက် ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများ တည်ဆောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စင်းကွန်း-ကုန်းကြီးကျေးရွာချင်းဆက် လမ်းပေါ်တွင် Box Culvert တစ်စင်းတည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါတံတားအားမန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၆၀)အကုန်အကျခံကာ အရှည် (၅)ပေ၊ အကျယ်(၂၄)ပေ၊အမြင့်(၅)ပေ တည်ဆောက်ပေးခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါတံတားဆောက်လုပ်ပေးခြင်းကြောင့် စင်းကွင်းကျေးရွာနှင့် ကုန်ကြီးကျေးရွာမှ အိမ်ထောင်စု (၈၄၉)စု၊ လူဦးရေ (၃၇၀၄)ဦး တို့၏ လူမှုရေး၊ စီးပွားရေး၊ကျန်းမာရေး၊ ပညာရေးကဏ္ဍစုံဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက် အတွင်း လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်