ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ချောင်းဆုံ     ဇန်နဝါရီ     ၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျင်းပပြုလုပ်သည့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းတည့် ၁၂နာရီ(Community Center) ခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇေယျာစိုးမိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်နှင့် (ပြန်/ဆက်) ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်တင်ဇာစိုးတို့ တက်ရောက်ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုးမိုးက မြို့နယ်အနေဖြင့် မီးဘေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများနှင့် စစ်ဆေးမှုအခြေအနေများအား လည်းကောင်း ဆွေးနွေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဌာနဆိုင်ရာများတွင် မီးဘေးလုံခြုံရေးစစ်ဆေးမှု အခြေအနေများအားလည်းကောင်း စသည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ချောင်းဆုံ(ပြန်/ဆက်)