ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ပြုလုပ်ပေး

မိုင်းယောင်း ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်​ကျေးရွာအုပ်စု၊ ဝမ်ဖြို ကျေးရွာတွင် ဇန်နဝါရီ ၂၁ ရက်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

​ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန မိုင်းယောင်းမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဦသန်းဇော်ဦးက ပန်းခင်း စီမံချက်အကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသုံးဝင်ပုံ အကြောင်းကို ရှင်းလင်းဟောပြောသည်။

ထို့နောက် နိုင်ငံသားအရည်အချင်းပြည့်မီသူ ကျေးရွာသူ၊ ကျေးရွာသား ၂၁ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ပြုလုပ်ပေးကာ တစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း