ရန်ကုန် ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အိုမီခရွန်အကြောင်း အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် အိုမီခရွန်အကြောင်း အသိပညာပေး သိကောင်းစရာများနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို အင်းစိန်မြို့နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက် ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်အေးအေးခိုင်နှင့် ဦးစီး အရာရှိ(တာဝန်ပေး) ဒေါ်ခင်နှင်းကြည်တို့က ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ဖြစ်လာပုံ၊အိုမီခရွန် ကူးစက်လာပုံ၊အိုမီခရွန် ဖြစ်လာလျှင် ရောဂါလက္ခဏာများ၊အိုမီခရွန် ကြိုတင်ကာကွယ်နိုင်အောင် နေထိုင် စားသောက်ပုံများ၊အိုမီခရွန် ကြိုတင်ကာကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများစသည့် သိကောင်းစရာ များကို အသီးသီး ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ အိုမီခရွန်အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေး လုပ်ငန်းများကိုလည်း Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို