မိုင်းနောင် သြဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်(၈း၃၀) နာရီ အချိန်တွင်ရှောင်တခင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ခွဲစည်ပင် သာယာရေး ဌာနမှတာဝန်ခံ ဦးအောင်သက်ပိုင်နှင့် ဝန်ထမ်းများ၊ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စားသောက်ဆိုင်များတွင် လက်ဆေး ဘေစင်များ၊ လက်သန့်ဆေးရည်များ ထား ရှိခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ စားသောက်ဆိုင် ပိုင်ရှင်များ နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆိုင်ထိုင်စားသုံးသူများအား (၃)ပေအကွာ နေရာထိုင်ခင်းများ စီစဉ်ထားရှိခြင်း ရှိ/မရှိ တို့ကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
မိုင်းနောင် ပြန်/ဆက်