ကြည့်မြင်တိုင် ဩဂုတ် ၂၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်းတပ်ဆင်ရေး နှိုးဆော်ခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိစျေးများတွင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှ စျေးများအတွင်းရှိ စျေးရောင်းချနေသူများနှင့် စျေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပ ထွက်တိုင်း နှာခေါင်းစည်းများတပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်အတွက် သတိပေးနှိုးဆော် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)