ကျောက်တော် ဇန်နဝါရီ ၂၂
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ အတွင်း၌ စာပေလေ့လာဖတ်ရှုနိုင်ရေးအတွက် မိမိတို့ဌာနတွင်း စာဖတ်ဝိုင်း ပြုလုပ်ခြင်းအား ယနေ့ နေ့လည် ၁ နာရီအချိန်က အဆိုပါ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသော အယ်ဒီတာ အာဘော်ဖြစ်သည့် ပညာပြည့်ဝနှလုံးလှအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ခေါင်းစဉ်နှင့် စာပေမြတ်နိုးသူ စာရေးဆရာကြီးညိုဝင်း အကြောင်းအရာများနှင့် ပတ်သက်သော ကြေးမုံသတင်းစာပါ ဆောင်းပါးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်အေးမြသန်းနှင့် ဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ပြီး ဆောင်းပါးပါ အကြောင်းအရာ အချက်အလက် များအား ဝန်ထမ်းတစ်ဦးချင်းအလိုက် ဖတ်ကြားကြသည်။ ထို့နောက် ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကြေးမုံသတင်းစာပါ ဆောင်းပါး အကြောင်းအရာများနှင့်ပတ်သက်၍ ဝန်ထမ်းတစ်ဦးချင်းအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အသိချင်းဖလှယ်ခဲ့ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း