အောင်မြေသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဦးရေအိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

အောင်မြေသာစံ   ဇန်နဝါရီ    ၂၁

မန္တလေး၊အောင်မြေသာစံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးက ညောင်ကွဲရပ်ကွက်၊ အကွက် (၆)တွင် ယမန်နေ့က ပန်းခင်းစီမံချက်လုပ်ငန်းများကို တတိယနေ့အဖြစ် ကွင်းဆင်းဆောင်ရွက်ပေးသည်။

ပန်းခင်းစီမံချက်ဖြင့် လူဦးရေအိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို (၁၉.၁.၂၀၂၂) နေ့တွင် နိုင်ငံသားစိစစ်ရေးကတ်(၅၀)ကတ်၊ (၂၀.၁. ၂၀၂၂)နေ့တွင် နိုင်ငံသားစိစစ်ရေးကတ်(၁၀၀)ကတ်၊ ယနေ့ (၂၁.၁.၂၀၂၂)နေ့တွင် နိုင်ငံ သား စိစစ်ရေးကတ်(၇၅ )ကတ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရရှိသည်။

မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထူးနှင့် အကွက်တာဝန်ခံများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)