(၇၅)နှစ်မြောက် စမ်း​ချောင်းမြို့နယ်၌ စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို) နံရံကပ်စာစောင်ပြပွဲကျင်းပ

စမ်း​ချောင်း ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်း​ချောင်းမြို့နယ် ပြန်ကြာရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သိရှိစေရန်နှင့် ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုအထိမ်း အမှတ် ပြည်ထောင်စု နေ့(အကြို)နံရံကပ်စာစောင် ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ပါဝင်​ကြသည့် အချက်များကို ထည့်သွင်း​ပြသထားရာ ပြည်သူများမှ စိတ်ဝင် စားစွာ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရ သည်။

စမ်းချောင်း(ပြန်/ဆက်)