ပေါင်မြို့နယ်၊ သဗြုချောင် အခြေခံပညာ အထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပေါင် ဇန်နဝါရီ  ၂၁

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာ၊ သဗြုချောင်အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဝန်ကြီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်မှူး ဦးအောင်မြင့်ကြည်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသားကျောင်းသူ များအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုနိုင်မှ နိုင်ငံသားစိစစ်ရေးကတ်နှင့် ပန်းခင်းစီမံချက်တို့ နှင့်ပတ်သတ်၍ သိသင့်သည်တို့ကို ဆွေးနွေး ဟောပြောပြီး --က သဗြုချောင် ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြား (ကကျား(၅၇)ကတ်၊ (၈၈)ကတ်၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်(၁၄၅)ကတ်တို့ကို စနစ်တကျ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှု့အားပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူး ရုံးအနေဖြင့် မေလ ရက် နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဒေသခံပြည်သူများ၊ အခြေခံပညာကျောင်းများသို့ အရောက် လိုက်လံဆောင်ရွက် ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိင်ရန် အသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်းစသည့် ပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးသန်း