မိုင်းဖြတ်မြို့နယ်၌ မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အမျိုးသားပိုက်​ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ  ၂၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အမျိုးသားပိုက်​ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည​နေ ၄နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ​ပိုက်​ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဝမ်​မိုင်အသင်းနှင့် စျေးတန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဝမ်မိုင်အသင်းက ပထမဆုကို ရရှိခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ  မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးညီညီ​အောင်၊ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးမြင့်​ဌေး၊ ဒုတိယဦးစီးမှူး ဦးစည်သူ​​အောင်တို့က ပထမဆုရရှိသည့် ဝမ်မိုင်အသင်း၊ ဒုတိယဆုရရှိသည့် ​စျေးတန်းအသင်း၊ တတိယဆုရရှိသည့်  ဝမ်​ဟွေအသင်းတို့ကို  ဆုတံဆိပ်မျာ၊ ဆု​ငွေများနှင့် ဒိုင်းဆုများကို အသီးသီး​ပေးအပ်ချီးမြင့်ခဲ့​ကြောင်း သိရသည်။

​သန်းထွန်း​အေး