နမ့်ဆန် ဇန်နဝါရီ ၂၁
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာ ငွေများကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ပြီး ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျ ရှိစေရန် နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက်ထားသည်။
အဆိုပါ ပင်စင်ထုတ်ယူရာတွင် ပင်စင်စားများအား ပင်စင်လစာငွေထုတ်ယူရာ၌ အဆင်ပြေစေရေးအတွက် ဇန်နဝါရီလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ နမ့်ဆန်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ (ပြန်/ဆက်)