ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒူကထောင်ရပ်ကွက်အတွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား        ဇန်နဝါရီ  ၂၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်အတွင်း လမ်းများခင်းကျင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက်၈နာရီတွင် ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ဒူကထောင်ရပ်ကွက် နယ်မြေ(၅) အတွင်းရှိ ရပ်မိ/ရပ်ဖ များနှင့် ရပ်ကွက်နေပြည်သူများ၏ လိုလားချက်အရ ရပ်ကွက်အတွင်းလမ်းများဖြစ်သည့် ဆိမ့်ဆလမ်း အရှည် ၁၂ဝဝပေ ၊ မနောလမ်း အရှည် ၁၁ဝဝပေ ၊ မဂ်လာလမ်း အရှည် ၁၃၂၅ပေ တို့အား ခင်းကျင်းပေးနိုင်ရေး ၊ ရပ်ကွက်အတွင်း ကလေးကစားကွင်း ဆောင်ရွက်နိုင်ရေး မြေနေရာ အခြေအနေနှင့် ရေဝပ်သည့် နေရာများတွင် ရေနှုတ်မြောင်းများ ‌ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရေးအတွက် အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ အမြန်ဆုံးဆောင်ရွက်‌ပေးနိုင်ရေးနှင့် လမ်းနှင့်ကစားကွင်း နေရာတို့ကို ကွင်းဆင်းတိုင်းတာ စစ်ဆေးတင်ပြရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ပြည်နယ်ပြန်/ဆက်