ရန်ကုန် ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကာကွယ်ဆေးထိုးခြင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကာကွယ်ဆေးထိုးခြင်း အသိပညာပေးအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခင်နှင်းကြည်တို့က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်းအားဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးလျှင် လုပ်ဆောင့်ရမည့်အချက်များ၊ မျိုးရိုးဗီဇပြောင်း အိုမီခရွန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ကွာခြားချက်များနှင့် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှု အခြေအနေများစသည့် သိကောင်းစရာများကို အသီးသီး ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကာကွယ်ဆေးထိုးခြင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေး လုပ်ငန်းများကိုလည်း Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက် ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)