အလုံ သြဂုတ် ၂၆
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အလုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများအား မြို့နယ်အဆင့် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကြီးကြပ်ဆန်းစစ်ရေးအဖွဲ့ဖြစ်သော ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ရဲပိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟစိုး၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများမှ မြိုနယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း(၆) ကျောင်းအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကျောင်းအလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက်များ အတိုင်း ဆက်လက်လိုက်နာမှု ရှိမရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို ပြန်/ဆက်