မှော်ဘီ ဩဂုတ် ၂၆
သားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်ပြီး ငါးသယံဇာတတိုးပွားစေရန်၊ ကျေးလက်နေပြည်သူများ သဘာဝရေပြင်များနှင့် လယ်ကွင်း များအတွင်း ငါးများကို အလွယ်တကူ ဖမ်းယူစားသုံးနိုင်ရေးနှင့် မိသားစုများ အပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ မှော်ဘီမြို့နယ်အတွင်းရှိ လှပဒါးကျေးရွာ စပါးခင်း ဧရိယာ ၁၀၀ ဧကတွင် စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါက်တာ ယဉ်ယဉ်မိုး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ရွှေနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ပြီး စပါးခင်း ဧက (၁၀၀)တွင် ငါးခုံးမကြီး အကောင်ရေ (၅)သောင်း စိုက်ထည့်ခဲ့ကြောင်းသိရသည်။
ကောင်းမြတ်သူ(ပြန်/ဆက်)