လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် လမ်းများကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၁၂)ရပ်ကွက် အောင်သိဒ္ဓိ (၃) လမ်းနှင့် အမှတ်(၁၁)ရပ်ကွက်ရှိ ပိတောက်လမ်းများတွင် မိုးတွင်းကာလသွာလာရေး အဆင်ပြေစေရန်နှင့် လမ်းများ ပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန် လမ်းကွန်ကရစ်ခင်း ဆောင်ရွက်ရန် ဆောင်ရွက်နေမှုနှင့် ကွန်ကရစ်ခင်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ယမန်နေ့ ၁၁နာရီက လှိုင်သာယာမြို့နယ် အမှတ်()တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ် ရပ်/ကျေး အလုပ်အမှုဆောင်များနှင့်  သက်ဆိုင်ရာ တာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှု ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှုကြောင့် တိုင်းဒေသကြီး အစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် (၂၀၁၉၂၀၂၀) တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၁၂)ရပ်ကွက် အောင်သိဒ္ဓိ(၃)လမ်း ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုနှင့် အမှတ်(၁၁)ရပ်ကွက်ရှိ ပိတောက်လမ်း ကွန်ကရစ်ခင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)