မုဒုံ သြဂုတ် ၂၆
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီခွဲက မုဒုံမြို့နယ်တော် ကူးကျေးရွာရှိစိုက်ပျိုးရေး နည်းပညာ ပြန့်ပွား ရေးစင်တာ၌မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း(RS-CS)ကွင်းဆင်းစစ်ဆေးခြင်း နည်းပညာ ပေး သင်တန်း ကိုဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင်မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှပြည်နယ်ဦးစီးမှူးဦးအောင်ဇော်နိုင်ကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံနိုင်ငံဖြစ် သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာလတွင် စီးပွားရေးကျမသွားရအောင် စပါးမျိုးစေ့ထုတ်စိုက်ခင်းများကို အရည်သွေးနှင့် မျိုးစေ့သန့်စင်မှု ရှိစေရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးမည့် စိုက်ပျိုးရေးဝန်ထမ်းများကို သင်တန်း ပေးခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ပြည်နယ်မျိုးစေ့တာဝန်ခံ၊မြေအသုံးချတာဝန်ခံနှင့် မော်လမြိုင်ခရိုင် စိုက်ပျိုး ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးတို့ကစိုက်ပျိုးရေးဝန်ထမ်း(၂၅)ဦးတို့ကို သင်တန်းကာလ (၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)