လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မိုးတွင်းကာလ အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက် ဖြင့် ရွှေပြည်သာ တံတားအဆင်းလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာ မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ ၊မြို့နယ်/ရပ်ကျေး အလုပ်အမှုဆောင် များ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရွှေပြည်သာတံတားအဆင်းလမ်းအား ကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား အရည်အသွေး ပြည့်မီရေးနှင့် စနစ်တကျ ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်း ကြည့်ရှုခဲ့သည်။
အဆိုပါ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရွှေပြည်သာတံတားအဆင်းလမ်း ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှုကြောင့် တိုင်း ဒေကြီးအစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)